ပြိုင်ကား အမျိုးအစား ၂ဝ ကျော် တင်သွင်းခွင့်ပိတ်၊ အချို့ကို ခွင့်ပြုရန် စီစဉ်

Date: 02/06/2014

cant load image

ပြိုင်ကား တင်သွင်းခွင့် လတ်တလော ပိတ်ပင် ထားရာ ပြိုင်ကားအမျိုးအစား ၂ဝ ကျော် ကို လုံးဝခွင့်ပြုတော့မည် မဟုတ်ဘဲ ကျန်အမျိုးအစား များအား ပြန်လည် တင်သွင်းခွင့် ပြုသွား မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း ကပြောသည်။

‘‘အမျိုးအစား ၂ဝကိုတော့ ခွင့်မပြုတော့ဘူး။ ကျန်တဲ့အမျိုး အစားတွေ ကို ပြန်ခွင့်ပြုပေးဖို့ စီးပွားရေးရာ ကော်မတီကို တင်ပြ ထားပြီးပါပြီ’’ဟု ဦးမင်းမင်းက ဆိုသည်။

လုံးဝ ခွင့်မပြုနိုင်သည့် အမျိုးအစား နှစ်ဆယ် တွင် ပြိုင်ကားနှင့် အလှစီး ဇိမ်ခံနွယ်ဝင် ကား များဖြစ်သည့် Aston Martin၊ Chevrolet Corvette၊ Ferrari 458 Spider၊ BMW M3၊ Audi R8၊ Lamborghini Gallardo Coupe အစရှိသော တန်ဖိုးကြီး ဇိမ်ခံကားများ ပါဝင်သည်။

ယင်းကား အမျိုးအစားများ တန်ဖိုးကြီးခြင်း၊ အင်ဂျင်ပါဝါကြီး လွန်းသောကြောင့် တင်သွင်းခွင့် မပြုရန် စီစဉ်ထားခြင်း လည်းဖြစ် သည်။

လုံးဝခွင့်မပြုနိုင်သည့် အမျိုးအစား နှစ်ဆယ်ကျော်မှ လွှဲလျင် ကျန်အမျိုးအစား များကိုမူ စာပြန် တင်၊ ကားဓာတ်ပုံပြ၊ တံခါးနှစ်ပေါက် (သို့မဟုတ်) တံခါးလေးပေါက်၊ အင်ဂျင်ပါဝါ အစရှိ သော အချက်အလက် များကို ဌာနသို့ တင်ပြ၍ တင်သွင်းခွင့် လိုင်စင် ပြန်လည်လျှောက် ထားနိုင်ရန် လတ်တလော အဆိုပြုထား ကြောင်း ဦးမင်းမင်းက ဆိုသည်။

‘‘လုံးဝ ခွင့်မပြုတဲ့ အထဲမှာ တန်ဖိုးကြီး အလှစီးတဲ့ ဇိမ်ခံပြိုင် ကားတွေ ပါသွားတဲ့ သဘောပါ။ အဲဒီ ကားတွေက ကစားလို့ သိပ်မကောင်းဘူး။ အလှစီးကြတာ များတယ်။ ဒီနိုင်ငံမှာလည်း အခုတင် သွင်းခွင့် မပြုဘူး လို့ ပြောထားတဲ့ Brand တွေက ရှားပါတယ်’’ ဟု Myanmar Motor Sport Assicia -tion မှ ပြိုင်ကား ဝါသနာရှင် တစ်ဦး ကပြောသည်။

လက်ရှိ ရန်ကုန်တွင် တန်ဖိုးအားဖြင့် လွန်စွာ မကြီးမြင့်ဘဲ အများစု စီးနင်းနေကြသည့် ဖဲလေဒီ GTR-35 Skyline ကဲ့သို့ ဂျပန်နိုင်ငံထုတ် ပြိုင်ကား အများစုကိုသာ လူငယ်များ က နှစ်ခြိုက်စွာ စီးနင်း ကြကြောင်း အထက်ပါ ဝါသနာရှင် ကဆိုသည်။

ပြီးခဲ့သည့် မတ်လ တတိယပတ်က ရန်ကုန်မြို့တွင် ပြိုင်ကားများ စည်းကမ်းမဲ့ မောင်းနှင်နေကြ သည်ဟု ဆိုပြီး အစိုးရက ၂ဝဝ၉မှ ၂ဝ၁၄ မော်ဒယ်များ အထိ အမှတ် တံဆိပ် ၃ဝ ကျော်၊ မော်ဒယ် ၅၇ မျိုးက ပြည်ပနိုင်ငံများမှ တင်သွင်း ခွင့်ကို ယာယီ ရပ်ဆိုင်း ထားခဲ့သည်။

7day


 

 

Follow us on facebook